Cython #1

by 18:39 0 comments

Cython ဆိုတာ Static Compiler တစ်ခုပါပဲ။ Python အတွက် C extension တွေရေးတဲ့အခါ Python Syntax ကဲ့သို့လွယ်ကူအောင်လုပ်ပေးထားတာပါ။ Python နဲ့ C code ရဲ့ speed ကိုယှဉ်လို့ C ကအစ၁၀၀ပိုမြန်တယ်ဆို Cython ကအစ ၈၀ Python ထက်ပိုမြန်ပါတယ်။
Cython ကိုလေ့လာဖို့ Python ကိုကျွမ်းကျင်ပြီးသားမပာုတ်ရင်တောင် ရေးနိုင်ဖတ်နိုင်မိမိဘာသာချရေးနိုင်တဲ့အခြေအနေဖြစ်နေဖို့လိုပြီး
C Language ကိုလဲ fundamental ပိုင်းကိုနားလည်ပြီးသားဖြစ်နေသင့်ပါတယ်။
Cython ကို unix သမားတွေအနေနဲ့ pip နဲ့သွင်းနိုင်ပါတယ်။
 sudo pip install cython 
Windows မသားတွေကတော့ Cython Offical ကသွင်းနည်းသွားကြည့်ပြီးသွင်းနိုင်ပါတယ်။

လုပ်စရာရှိတာလုပ်ပြီးပြီဆို Hello World လေးစရေးကြည့်ရအောင်..

 print "Hello World"  

အဲ့ကောင်လေးကို helloworld.pyx ဆိုပြီး save လုပ်လိုက်ပါ။
နောက် setup.py ဆိုတဲ့ file တစ်ခုတည်ဆောက်ရပါမယ်။

 from distutils.core import setup  
 from Cython.Build import cythonize  
 setup(  
    ext_modules = cythonize("helloworld.pyx")  
 )  

 ဒါဆို Cython file တစ်ခုတည်ဆောက်ဖို့အတွက်လိုအပ်တာအကုန်ရှိပါပြီ။
အောက်က command နဲ့ Cython ဖိုင်ထုတ်လို့ရပါတယ်။

 python setup.py build_ext --inplace  

သူက build ဆိုတဲ့ directory ရယ် .c extension နဲ့ .so extension နဲ့ဖိုင် ၂ခု directory တစ်ခုတည်ဆောက်လိုက်ပါလိမ့်မယ်။
Windows မှာဆိုရင်တော့ .so အစား .pyd ဆိုတဲ့ဖိုင်ရှိနေပါလိမ့်မယ်။
အခုကျွန်တော်တို့ အဲ့ဒီ Cython Extension ကိုသုံးပြပါမယ်။
Python Interpreter ခေါ်လိုက်ပါ။ နောက် import filename.so ဆိုပြီး import လုပ်လိုက်ရင် Hello World ဆိုတာလေးထွက်လာပါလိမ့်မယ်။

အကယ်လို့ မိမိ module က special build setup တွေဘာညာတွေမလိုရင် pyximport ဆိုတဲ့ module နဲ့ .pyx ဖိုင်တွေကို import ကနေတန်းခေါ်နိုင်ပါတယ်။

 >>> import pyximport; pyximport.install()  
 >>> import helloworld  
 Hello World  
To Be Continue

PyLab (c) 2016

Pylab

Developer

Keep calm and love Python

0 comments:

Post a Comment