Class တစ်ခုထဲမှာသူနဲ့ သက်ဆိုင်တဲ့ Functions တွေ Variables တွေပါဝင်ပါမယ်။ Variable ဆိုလို့ Global & Local တော့သိပြီးပြီမလား၊ မသိရင်လဲကျွန်တော် Let's Write Python [4] ထဲကအောက်ဆုံးပိုင်းနားလောက်မှာအကျဉ်းချုံးရှင်းပြထားတာရှိပါတယ်။
Class အကြောင်းကိုမပြောခင်ကျွန်တော်တို့  Class နဲ့ Object မတူတာကိုအရင်ရှင်းပြပါမယ်။ Class ဆိုတာကတကယ်တော့ သူထဲမှာဘယ်လို Variable တွေပါမယ်နောက်ဒီ Variable တွေကိုဘယ်လို function ကအသုံးချမယ်ဒီလိုလုပ်ဆောင်မည့်လုပ်ဆောင်ချက်အတွက်ဆိုင်ရာဆိုင်ရာတွေကိုတစုတစည်း
ထဲစုစည်းလိုက်တာပါပဲ။ ပိုရှင်းအောင်ပြောရမယ်ဆိုသင်က encoder_decoder script တစ်ခုရေုးပြီဆို
ပထမ Class ကို encoder အတွက်သူအောက်မှာ encoding method အမျိုးမျိုးအတွက် function တွေစုထားမယ်။ နောက် decoder ဆိုတဲ့ Class အဲ့အောက်မှာလဲသူ့ သက်ဆိုင်ရာ function တွေ
သတ်သတ်စုထားမယ်။ ဒီလိုလုပ်လိုက်ချင်းအားဖြင့် source code ကကြည့်လိုလဲရှင်းပြီးသပ်သပ်ရပ်ရပ်ဖြစ်သွားပါတယ်။
နောက်ဒီလိုမျိုး Class တစ်ခုဆောက်လိုက်ချင်းအားဖြင့်ဒါကို instance အနေနဲ့ပြန်ခေါ်
နိုင်ပါတယ်။
The Python Class
class Foo: # class is a keyword of making class
def __init__(self, val):
self.val = val
def valuePrint(self):
print self.val
ဘာမှမပာုတ်ပါဘူးရယ် Foo ဆိုတဲ့ Class လေးတစ်ခုဆောက်လိုက်တယ်နောက်ဒီ Class ထဲမှာ function ၂ခုပါပါတယ်။ တစ်ခုက __init__ ဆိုတဲ့ကောင်နောက်တစ်ကောင်က valuePrint ဆိုတဲ့ကောင်။ဒါဆို function တွေ variable တွေစုကြည့်လိုက်မယ်ဆို။ Function က __init__ ရယ် valuePrint ရယ် နောက် Variable ကတော့ val ဆိုတဲ့တစ်ခုပဲ။ ဒီ Function ၂ခုစလုံးမှာ self ဆိုတဲ့ parameter တွေပါရှိတယ်။ ပြောအုံးမယ် self လို့ ပဲခေါ်ရမယ်လို့ မသတ်မှတ်ထားပါဘူးခင်ဗျားဘာသာ ကြိုက်သလိုပေးရတယ်ဒါပေသိ self လို့ ပဲပေးပါဘာလို့ လဲဆိုတော့ Python မှာကဒီလိုပဲရေးကြပါတယ်။ သင့် source code ကိုတခြား programmer ကကြည့်ရင်လဲအဆင်ပြေမှာပါ။ ပြောရရင် ပုံသေတစ်ခုလိုဖြစ်နေပြီမို့ ပါ။ နေပါအုံးဗျအဲ့ self ကြီးကကောဘာအတွက်ထည့်ရေးထားရတာလဲ?
ဘာအတွက်လဲဆိုတော့ class instance တွေလုပ်တဲ့အခါဘယ် instance နဲ့ အလုပ်လုပ်နေမလဲဆိုတာကိုသိဖို့ အတွက် Python ကအဲ့ကနေ pass သွားမှာမို့ ပါ။
__init__ ဆိုတာကတော့ class ထဲမှာ Python က new instance တွေလုပ်တိုင်းမှာခေါ်သုံးတဲ့ special method (function) တစ်ခုပါ။ အပေါ်က example မှာဆို input ကို accept လုပ်ဖို့ val ဆိုတဲ့ parameter တစ်ခုရှိပါမယ် နောက် member variable ထဲမှာသူကိုပဲ copy လုပ်ထားတဲ့ val ဆိုတာရှိပါသေးတယ်။ ခေါင်းစားသွားလားမသိ.... ဒီလိုဗျ။ Python မှာကလေတခြား Language တွေနဲ့ မတူဘူးဗျ C တို့ ဆိုရင်လဲ Variable ကိုကြေညာပေးရပါတယ် integer ဆိုလဲ integer ပေါ့သို့ပေမယ့် Python မှာကျတော့သူက assign လုပ်တဲ့အခါကျမှ variable ကို create လုပ်တာဗျ ခုနကပြောသွားတဲ့ parameter val နဲ့ variable member val နဲ့ဘယ်လိုကွာလဲပြောပြမယ်။ အောက်ကကောင်လေးမှာဆို...
self.val = val
self.val ဆိုတာက class instance နဲ့ သက်ဆိုင်တဲ့ variable member ကိုပြောတာဖြစ်ပြီး val ဆိုတာကကျတော့ function ထဲကို pass လုပ်မယ့် parameter ကိုပြောတာပါ ဒီလောက်ဆိုမြင်လောက်မယ်ထင်ပါတယ်။ မရှင်းသေးရင်အောက်က Example ကိုထပ်ကြည့်ကြည့်သူက Class instance ကို create လုပ်လိုက်ပါတယ်။ __init__ ကိုတော့ Python ကနေပဲသူဘာသာခေါ်ပေးပြီး valuePrint ထဲကို pass လုပ်ပေးလိုက်ပါတယ်။ နောက်တော့ instance ကနေ Class ရဲ့ function ကိုခေါ်လိုက်ပါတယ်။
>>> the_example = Foo(1)
>>> the_example.valuePrint()
1
Standard Python Class Methods
Python Classes မှာ standard methods တွေရှိပါတယ် တစ်ခုကတော့အပေါ်မှာရေးခဲ့ကြတဲ့ __init__ ပေါ့။ သူကိုပြန်ရှင်းပြရမယ်ဆို သူက class instance တစ်ခုလုပ်လိုက်တိုင်း Python ကခေါ်ဖို့ အတွက်ပါ။ နောက်တခြား Methods တွေကတော့...__del__
Instance တစ်ခုကိုဖျက်မယ်ဆိုရင်သုံးပါတယ်။ Clean-up လုပ်တယ်ပေါ့ဗျာ ဥပမာ file close တာနောက် database conn ပိတ်တာမျိုးစသဖြင့်ပေါ့။
__repr__ , __str__
object ကို string အနေနဲ့ return ပြန်ပေးကြတာတွေပါပဲဒါပေသိ __repr__ ကအသုံးနဲပါတယ်နောက် သူကို object က re-create ပြန်လုပ်မယ့်အချိန်မျိုးတေဿွမှပဲသုံးသင့်ပါတယ်။
__str__ ကိုတော့ any type ကို return ပြန်နိုင်လို့ အသုံးများပါတယ်။
__call__
object ကိုခေါ်ရင်အသုံးပြုတာပါ။
__hash__
object ရဲ့ hash ကိုတွက်ရင်ခေါ်သုံးပါတယ်။ ပြောရရင်dictionaries တို့ လို data structers ထဲမှာ objects ကိုထည့်တာမျိုးပေါ့။
__cmp__
သူကတော့ object အချင်းချင်း compare လုပ်တဲ့အခါမှသုံးပါတယ် ဒါပေသိသူက ONLY PYTHON 2 ပါ။ Python 3 အတွက်ကျတော့ __cmp__ အစားတခြား comparison methods တွေရှိပါတယ်။ အဲ့တာတွေကတော့..
__lt__
Less than ကိုပြောတာပါ။
__le__
Less than or equal to...
__gt__
Greater than..__ge__
Greater than or equal to
__eq__
Equal to...
__ne__
Not Equal to
Python မှာ array like object ( example[2] = 'foo' ) နောက် numeric type object တွေကိုပါတဲ့ methods တွေလုပ်လို့ ရပါတယ်
ကြုံတုံးပြောအုံးမယ်ဗျ Google ခေါက်ပြီးရှာဖတ်ကြည့်အုံးဗျ Python Magic Methods အကြောင်းရေးထားတာလေးပေါ့။ အဆင်ပြေနောက်မှတင်ပေးအုံးမယ်သူကတခြားတော့မပာုတ်ဘူး Python Documention မှာကဗျောက်သောက်ဖြစ်နေတာတွေကိုစုစည်းပြီး Magic Methods တွေပဲဖော်ပြပေးထားတာလေးပါ။ Python သမားတွေအနေနဲ့ ဖတ်သင့်တယ်ထင်လို့ ပါ။
ဒါနဲ့ ဒီမှာဖဲဆော့ဖူးတဲ့သူတွေရှိတယ်မလား Ace တို့  King, Queen, Jack တို့ ကဘယ်နံပတ်လဲဆိုတာလဲသိတယ်မလား
class Card: # We use a keyword called 'class' to make a class
# Define the suits
DIAMONS = 1
CLUBS = 2
HEARTS = 3
SPADES = 4
SUITS = {
CLUBS: 'Clubs',
HEARTS: 'Hearts',
DIAMONDS: 'Diamonds',
SPADES: 'Spades'
} # Well Suit is a Dictionary
# Name of Special cards, I am sure you guys know them already.
VALUES = {
1: 'Ace',
11: 'Jack',
12: 'Queen',
13: 'King'
}
def __init__(self, suit, value):
# Save the suit and card value
self.suit = suit
self.value = value
def __cmp__(self, other):
# Compare the card with another card
# return <0 if smaller and >0 if greater
# 0 if the same
if self.suit < other.suit:
return -1
elif self.suit > other.suit:
return 1
elif self.value < other.value:
return -1
elif self.value > other.value:
return 1
else: #This mean the same
return 0
def __str__(self):
# return string representation of an object
if self.value in self.VALUES:
result = self.VALUES[self.value]
else: # it means self.value is not in self.VALUES
result = str(self.value)
result = result + ' of ' + self.SUITS[self.suit]
return result
ကျွန်တော်တို့ ကအရင်ဆုံး suit ထဲမှာဖော်ပြဖို့ အတွက် class constant တွေရေးပါတယ် နောက် Special cards တွေအတွက်လဲ Dictionary တစ်ခုလုပ်ပါတယ်။__init__ ဆိုတာက parameter ၂ခုလက်ခံပါတယ်။ suit ဆိုတာနဲ့ value ဆိုတာပါ။ နောက် __cmp__ ဆိုတဲ့ special method ကိုခေါ်ပြန်ပါတယ်။ သူကတော့ object ကို compare လုပ်ဖို့ အတွက်ပေါ့။ Less than ဆို -1, More than ကို 1 နောက် တူနေရင် 0 ပေါ့။ (ဒါက Python 2 မို့ __cmp__ သုံးတာနော်အကယ်လို့ Python 3 တာဆိုပိာုးအပေါ်မှာပြောခဲ့တဲ့ comparison methods တွေကိုအသုံးပြုရမှာပါ။ )
နောက်ဆုံးမှာတော့ __str__ ဆိုတဲ့ object ကို human readable အနေနဲ့ return ပြန်ဖို့ ခေါ်ပါတယ်။
ဒါဆိုရေးထားတဲ့ကုဒ်လေးကိုတော့မိမိဘာသာစမ်းကြည့်စေချင်ပါတယ်။ ကျွန်တော်တော့၁ခုစမ်းပြပေးပါမယ်။
>>> card = Card(Card.DIAMONDS, 3)
>>> print card
3 of Diamonds
Private Python Class Methods and Variables
ပုံမှန်အားဖြင့်တော့ methods နဲ့ variables တွေက public ပါပဲဒါပေသိသူက encapsulation အတွက်တော့မကောင်းပြန်ဘူးဗျ ပြောရရင် constant အနေနဲ့ ထားဖို့ ပေါ့။ အဲ့တော့ Python ကနေပြီးတော့ class method နဲ့  variable တွေမှာသာ underscore ၂ခုနဲ့ စရင် (__) နဲ့စရင် private လို့ သတ်မှတ်ပေးလိုက်ပါတယ်။ (Private ကရှေ့ မှာပဲ underscore ၂ခုပါတာနော် နောက်က underscore မလိုဘူး တော်ကြာ special methods တွေနဲ့ ရောမပစ်နဲ့အုံး example → __variable_name)ဒီလို Private method ကဘာကောင်းလဲဆိုတော့ derived class တွေက method နဲ့ variable ကိုနာမည်တူပေးလို့ ရသွားပါတယ် ဒီတော့အရင်ပေးခဲ့တဲ့ကောင်ကလဲဘာမှသက်ရောက်မှုမရှိတော့ဘူးပေါ့။
Class Inheritance
Python မှာ Class Inheritance အတွက် support လုပ်ပါတယ်။ ကျွန်တော်တို့ အပေါ်မှာ Foo ဆိုပြီးရေးခဲ့တယ်နော်။
class Foo:
def __init__(self, val):
self.val = val
def valuePrint(self):
print self.val
ဒါကိုပဲ နောက် Class တစ်ခုကနေပြီးတော့ inherit လုပ်ပါမယ်။ class DerivedFoo(Foo):
def doubleVal(self):
self.val = self.val * 2
DerivedFoo ဆိုတဲ့ clas တစ်ခုလုပ်ပါတယ်။ သူထဲကို Foo ဆိုတဲ့ Class ကို argument အနေနဲ့ ထည့်ထားပါတယ် ဒီလိုလုပ်လိုက်ချင်းက Foo Class မှာရှိတဲ့ Variable နဲ့ Function ကလဲအခု Derived Class ဖြစ်တဲ့ DerivedFoo ထဲမှာလဲရှိသွားစေပါတယ်။ နောက် Foo ရဲ့ function တွေတင်မကပဲ သူကိုယ်ပိုင် doubleValue ဆိုတဲ့ function အသစ်တစ်ခုထပ်ရေးပါတယ်။ >>> example = DerivedFoo(2)
>>> example.valuePrint()
2
>>> example.doubleValue()
>>> example.valuePrint()
Inheritance မှာက function အသစ်ထည့်ရေးတာမျိုးတွေတင်မကရှိပြီးသား ancestor က function ကိုပါ override ပြုလုပ်နိုင်ပါတယ်။ class NewDerivedFoo(Foo):
def valuePrint(self):
print “The value is %s.” % self.val
Foo ဆိုတဲ့ class ထဲမှာ valuePrint ဆိုတာကရှိပြီးသားပါအခုလို inheritance ထဲမှာပြန်ရေးလိုက်ချင်းအားဖြင့်နကို Foo က valuePrint ဆိုတာကို override ဖြစ်သွားပါတယ်။ >>> example = NewDerivedFoo(2)
>>> example.valuePrint()
The value is 2.
Class ကဘာ object လဲဆိုတာကိုသိဖို့ အတွက် Python မှာ function တချို့ ရှိပါတယ်။isinstance ကတော့ object က class ဒါမှမပာုတ် derived class ရဲ့ instance ပာုတ်မပာုတ်ကိုသိချင်သုံးတာပါ။
issubclass ကတော့ တခြား Class ကနေ derived လုပ်ထားတဲ့ class ပာုတ်မပာုတ်သိချင်သုံးတာပါ။
>>> print isinstance(example, Foo)
True
>>> print isinstance(example, DerivedFoo)
True
>>> print isinstance(example, NewDerivedFoo)
False
>>> print issubclass(DerivedFoo, Foo)
True
>>> class HelloWorld:
… pass
…
>>> print issubclass(HelloWorld, Foo)
False
Class Iterators and Generators
ကျွန်တော်တို့ Let's Write Python မှာထဲက for နဲ့  Looping ပတ်ပြတာတွေကိုမြင်ပြီးသားဖြစ်မှာပါ။ for နဲ့ built-in types တွေကိုပါ looping ပတ်လို့ ရပါတယ်။ >>> a = 'Hello World'
>>> for x in a:
... print x
…
H
e
l
l
o
W
o
r
l
d
ကျွန်တော်တို့ Class တစ်ခုရေးရင်လဲအခုလို Iterable လုပ်နိုင်ပါတယ်။ ဒီအတွက် Special method ဖြစ်တဲ့ __iter__ ဆိုတာရှိပါတယ်။ နောက် next ဆိုတဲ့ method နဲ့ နောက်လာမယ့် value ကို return ပြန်နိုင်ပါတယ်။ (Python 3 မှာတော့ next အစား __next__ ကိုအသုံးပြုပါတယ်။)ခုနက Hello World ဆိုတဲ့စာကို backward ပြန်ပြတဲ့ class လေးရေးကြည့်ရအောင်ဗျာ။
>>> class Backwards:
... def __init__(self, val):
... self.val = val
... self.pos = len(val) #get the length of argument
...
... def __iter__(self):
return self
...
... def next(self):
... if self.pos <= 0:
... raise Iteration End
... self.pos -= 1
... return self.val[self.pos]
…
>>> for x in Backwards('Hello'):
… print x
o
l
l
e
H
__init__ ကဘာလဲတော့မမေးနဲ့ နော်။ ကျွန်တော်အစမှာထဲကရှင်းခဲ့ပြီးပါပြီ။ ဒီ Class မှာအလုပ်၂ခုလုပ်သွားပါတယ်။ တစ်ခုက iteration ပါနောက်တစ်ခုက iterate လုပ်တိုင်းနောက် value တစ်ခုကို return ပြန်သွားတာပါ။ __iter__ ဆိုတဲ့ကောင်ကတော့ return self ဆိုပြီး iterate လုပ်သွားပါတယ်။ Python က object ကို looping ပတ်နေချိန်မှာနောက် value တစ်ခုကိုသူ့ ဘာသာခေါ်သွားပါတယ်။ ဘယ်အထိလဲဆို self.pos က <= 0 ဖြစ်သွားတဲ့အထိပေါ့။ဒါပေသိအခုလိုအလုပ်လုပ်သွားတဲ့ကောင်ကို generators ဆိုတာအသုံးပြုသွားရင်သူ့ လို function မျိုးကိုစာကြောင်းနဲနဲနဲ့ ပိုရှင်းအောင်ရေးလို့ ရပါသေးတယ်။
generator ဆိုတာကတော့ special function တစ်ခုပါပဲသူက object ကို iterate လုပ်ပြီး loop position ကိုလဲ auto သိစေပါတယ်။ အောက်ကကောင်လေးကိုကြည့်လိုက်ရင် backwardလုပ်တဲ့ function ကို generator အသုံးပြုလိုက်ရင်ပိုတောင်ရေးရနည်းပါသေးတယ်။
>>> def backwards(val):
... for n in range(len(val), 0, -1):
... yield val[n-1]
စမ်းတာတော့ကိုယ့်ဘာသာကိုစမ်းတတ်တယ်မလား မလုပ်ပြတော့ဘူးနော်။range အကြောင်းကိုတော့သိပြီးသားဖြစ်မယ်ထင်ပါတယ်။ range(start, stop[, step])
ဒီ generator မှာသတိထားဖို့ က yield ဆိုတဲ့ keyword နဲ့ value ကိုပြန်တာပါ။ သူက loop ကိုခဏရပ်လိုက်တယ်နောက် caller ထဲကို next value ကို return ပြန်တယ်ပြီးမှ looping ကဆက်လုပ်သွားတယ်။
Classes as Objects
Class ဆိုတာကဘာလိုဆိုတာကိုဘယ်လို methods တွေ variable တွေဆိုင်ရာတွေကိုစုစည်းထားတယ်ဆိုတာကိုလဲအစမှာထဲကပြောခဲ့ပြီးပါပြီ နောက် Python မှာ Class ရဲ့ definition ကို run ချိန်မှာ modify လုပ်နိုင်သလိုနောက်ဆုံး run-time မှာတင် class အသစ်တစ်ခုတည်ဆောက်နိုင်ပါတယ်။ >>> class Foo:
... def __init__(self, val):
... self.val = val
…
>>> example = Foo(1)
>>> example.valuePrint()
AttributeError: Foo instance has no attribute 'valuePrint'
Foo ဆိုတဲ့ class ထဲမှာ valuePrint ဆိုတာမှမရှိတာ၊ မရှိတာကိုသွားခေါ်တော့ Error တက်တာပေါ့။ ဒီတော့အောက်ကလို Class ထဲကို function ထည့်လိုက်လို့ ရပါတယ်။ >>> def valuePrint(self):
… print self.val
…
>>> Foo.valuePrint = valuePrint
>>> example.valuePrint()
1
အရင်ဆုံးကျွန်တော်တို့ က valuePrint ဆိုတဲ့ function ကိုရေးလိုက်ပါတယ်နောက်ပြီးတော့မှ Class ထဲကိုထည့်လိုက်ပါတယ်။ (Foo.valuePrint = valuePrint) ဒီတော့ valuePrint ဆိုတဲ့ function ကလဲ Foo ဆိုတဲ့ Class အောက်ကိုရောက်သွားပါတယ်။အကယ်လို့ Class ထဲက function ကိုပြန်ဖျက်ချင်ရင် del ဆိုတဲ့ statement ကိုအသုံးပြုနိုင်ပါတယ်။
>>> del Foo.valuePrint
>>> example.valuePrint
AttributeError:.....
del နဲ့ ဖျက်လိုက်တော့ Foo ဆိုတဲ့ class အောက်မှာ valuePrint ဆိုတာမရှိတော့ပါဘူး မရှိတာကိုသွားခေါ်တော့ error တက်တာပေါ့....အကယ်လို့ run-time မှာသာ Class တစ်ခုဆောက်ချင်ရင် type ဆိုတာကိုသုံနိုင်ပါတယ်။
>>> example = NewClass()
NameError: name 'NewClass' is not defined
>>> NewClass = type('NewClass', (object,), dict())
>>> example = NewClass()
>>> print example
<__main__.NewClass object at 0x7f57ea52d850>
type ရဲ့ ဒုတိယ parameter ကောင်ကတော့ derive လုပ်ချင်တဲ့ classes တွေအတွက်ပါနောက် တတိယ parameter ကတော့ Class ထဲမှာပါမယ့် methods နဲ့ variables တွေအတွက်ပါ။Class အကြောင်းကတော့ဒီလောက်ပါပဲ ဖတ်ရတာလဲတော်တော်ပျင်းလောက်ပြီထင်ပါတယ်။
PyLab (c) 2016

0 comments:
Post a Comment