ဒီတစ်ခေါက်တော့ Cython ရဲ့ classes အကြောင်းတွနောက် function ဘလိုရေးမယ်နောက် function declare လုပ်နည်း Cython မှာဘယ်နှမျိုးရှိတယ် ဘယ်လိုကွာခြားတယ်ဆိုတာ ပြောပြပါမယ်။
Class and function declaration in Cython
Object Oriented Programming ကို support လုပ်နိုင်ဖို့အတွက် Cython ကလည်း Python ရဲ့ class ရေးသားနည်းကို support လုပ်ပေးထားပါတယ်။ class function1():
def __init__(self, x):
self.x = x
self.output(x)
def output(self, x):
return x
ဒါပေမယ့် Cython မှာလဲသူ့ ကိုယ်ပိုင် class တည်ဆောက်တဲ့ keyword ရှိပါတယ်။အဲ့တာကတော့ cdef classes ပါ။
ဒီတော့ cdef နဲ့ရေးတဲ့ class နဲ့ Python ရဲ့နကို class နဲ့ဘာကွာသလဲဆို...
cdef က memory အတွက် efficient လဲပိုဖြစ်သလို, ပိုလဲမြန်ပါတယ်။
ဘာကြောင့်လဲဆို Python ရဲ့ dict အစား C struct ကိုအသုံးပြုပြီး field, methods တွေကိုသိမ်းဆည်းပါတယ်။ အဲ့တော့ဘာထူးခြားသွားသလဲဆို arbitrary C types တွေကို Python wrapper မပါပဲသိမ်းဆည်းနိုင်ပါတယ်။
Access လုပ်တဲ့အခါကျလဲ Field နဲ့ method တွေကို Python dictionary lookup ကိုခြားခံမသုံးပဲ direct ဆက်သွယ်နိုင်ပါတယ်။
Python normal class တွေက cdef ကို inheritance ပြုလုပ်နိုင်ပေမယ့် cdef ကနေတော့ normal class ကိုပြောင်းပြန်ပြန်လို့မရပါဘူး။ cdef နဲ့ class ရေးမယ်ဆိုရင်တော့အောက်ကလိုပါ။
cdef class <class_name>:
cdef အပြင် cpdef ဆိုတာလဲရှိပါသေးတယ် ဘာကွာလဲဆိုတာကျွန်တော်ပြောပြပါမယ်။
def, cdef, cpdef ၃ခုမှာဆို
cdef ကအမြန်ဆုံးပါ။ cdef function ကို ဒါပေမယ့် Cython ကနေပဲခေါ်နိုင်ပါတယ်။
cdef ကိုသုံးရင်သတိထားစရာတစ်ခုရှိပါတယ်။ cdef declare function က python code ကိုမမြင်ရပါဘူး။ cdef ခေါ်တယ်ဆို Python ရေးနေတာထက် C ရေးနေတဲ့လိုပြောရင်ပိုမှန်ပါလိမ့်မယ်။
cpdef ကတော့ speed အရဆို python ရဲ့ def ထက်မြန်ပေမယ့် cdef ထက်နှေးပါတယ် ဒါပေသိ Python ကော Cython ကောကပါ cpdef ကိုခေါ်နိုင်ပါတယ်။
def function_name(...):
cdef functoin_name(...):
cpdef functoin_name(...):
That's all for Cython #2
To be continue

0 comments:
Post a Comment